ဈေးကွက်ဈေးနှုန်း

အရည်အသွေးကောင်း၍ စျေးကောင်းပြန်ရလာသည့် ပဲတီစိမ်း

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ယခင် ဇွန်လ နောက်ဆုံးအပတ်တွင် မိုးရွာသွန်းမှုကြောင့် အရည်အသွေးများ ကျဆင်းပြီး ပဲတီစိမ်းများ စျေးကျဆင်းသွားခဲ့ပါသည်။ ပဲတီစိမ်း တစ်တင်းလျှင် (၂၉၅၀၀)ကျပ် အထိ စျေးကျဆင်းခဲ့ပါသည်။ ယခုဇူလိုင်လ ပထမအပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၃၂၅၀၀)ကျပ်၊ ပဲနောက်တစ်တင်းလျှင် (၂၉၅၀၀)ကျပ် တို့ဖြစ်ပေါ်ခဲ့ပါသည်။

        ဇူလိုင်လ၏ တတိယအပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၃၅၀၀၀)ကျပ် ဖြစ်ပေါ်ခဲ့ပြီး (၂၆.၇.၂၀၁၉) ရက်နေ့တွင် ပဲတီစိမ်းတစ်တင်းလျှင် (၃၆၃၀၀) ကျပ်အထိ စျေးမြင့်တက် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အရည်အသွေးကောင်းမွန်သည့် မိုးပဲတီစိမ်းများ ဝင်ရောက်လာပြီး အဝယ်လိုက်၍ ယခုကဲ့သို့ စျေးပြန်လည်မြင့်တက်လာခြင်း ဖြစ်ပါသည်။ အရည်အသွေးကြောင့် ပဲတီစိမ်းတို့ စျေးအပြောင်းအလဲ၊ အတက်အကျရှိနိုင်သော်လည်း စျေးအတက်ဖက်သို့ ဦးတည်လျက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

 

 

လှမိုးခိုင် (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)